Wednesday, 3 February 2016

ပျော်​စရာ​ကောင်းတာ​ပေါ့

ငါတို့ ဘုန်းဘုန်းက အရမ်းချစ်​တာ​လေ
အပြစ်​မရှိရင်​မရိုက်​ရဘူး စားရ​တော့လဲ
ဘုရားဆွမ်း​တော်​စားရတာ မင်းတို့အိမ်​မှာ
ဒီလိုဘယ်​စားရမလဲ ​နေ့တိုင်းကြက်​ဝက်​အမဲအဝဆွဲ​နေကြတာ​ပေါ့  ဘာလိုလိုနဲ့
မေသက်​ခိုင်​​တောင်​​မြေးရ​ပေါ့ ဖြူမလဲ
သမီး​လေး ၂ ​ယောက်​​မွေးတယ်​ အ​ရှေ့တဲ
မှာ​နေတဲ့ မိဝါကလဲ သား၂ ​ယောက်
အခုဆိုငါတို့မျိုးဆက်​က ၂၀ ​လောက်​ရှိ​နေ
ပြီ ဘယ်​သူ​ကြောက်​ရမှာလဲ ရွာထဲသွားရင်
တော့ ဆရာ​တော်​က ကိုယ့်​ထိုက်​ကိုယ်​ကံ
တဲ့ တတ်​နိုင်​ဘူး​လေ တခါတ​လေ​တော့ရွာထဲသွားချင်​တာ​ပေါ့ ဆွမ်း​ကျောင်းမှာ​နေတဲ့ ဦးဖိုးစိုးကငါတို့မချစ်​ဘူး ဆရာ​တော်​မသိ​အောင်​ ​လေးဂွနဲ့ထုတာ မျက်​စိ
ထိသွားရင်​ ဘယ်​လိုလုပ်​မလဲ ငါ့မှာက​လေး​တွေက ငယ်​​သေးတယ်​ ဘာပဲဖြစ်​ဖြစ်
ဆရာ​တော်​ရဲ့ အရိပ်​အာဝါသမှာ​နေရတာ
ပျော်​ပါတယ်

No comments:

Post a Comment