စုပေါင်းညီညာအောင်ကြောင်းဖြာဆိုတဲ့အတိုင်းဝိုင်းဝန်းကြိုးစားလိုက်တော့ အောင်မြင်ပြီပေါ့
Saturday, 1 October 2016
Monday, 12 September 2016
စည်းလုံးချင်းသည် အင်အား
9. 9. 2016. ရက်နေ့ ရေစကြိုမြို့နယ် ပေကုန်းရွာ ရွှေဘုံသာလူငယ်ဖွံ့ဖြိုးရေးကျောင်းတိုက်အတွင်းမှာတည်ဆောက်နေတဲ့ မနောမယလိုတရ
သုံးထပ်ကျောင်းဆောင် ပထမထပ် Rc ကွန်ကရစ်
လောင်းပြီးပါပြီ ဒီအဆင့်ရောက်အောင်မနည်းကြိုးစားရပါတယ် အလုပ်ဆိုတာ လုပ်ဘူးတဲ့သူမှ ဘယ်လောက်ပင်ပန်းတယ်ဆိုတာသိမှာပါ
အမျိုးဘာသာ သာသနာအတွက် အသက်ရှင်နေသမျှ ဆက်လက်ကြိုးစားကြတာပေါ့
Saturday, 6 August 2016
Friday, 27 May 2016
Tuesday, 17 May 2016
အများကုသိုလ် မျှဝေယူ
ဆရာတော်က မနောမယလိုတရ ဆိုပြီးသုံးထပ်
ကျောင်းဆောက်တာ တပည့်တွေဦးဇင်းကိုရင်
ကျောင်းသား ကျောင်းသူ ဘယ်သူမှအငြိမ်မနေ
ရဘူး အကုန်လုပ်အားပေး ကုသိုလ်ယူနေရတယ်
ဗျ အခုဆိုအောက်ခုံပြီးလို့တိုင်ထူတော့မယ်လေ
Tuesday, 26 April 2016
ကိုယ့်အားကိုယ်ကိုး
တောရွာကတောကျောင်းဆိုတော့လဲ အလှူရှင်
ရှားပါးတယ်လေ ဒီတော့မကုန်သင့်တာမကုန်ရ
အောင်ဆရာတော်ကစီစဉ်ရတာပေါ့ နွေရာသီ
စာသင်သားသံဃာတွေရပ်ရွာ အလည်ပြန်လာ
တုန်း လုပ်အားပေးကုသိုလ်ယူခိုင်းရတာပေါ့။
နောင်တချိန်ကျ သူတို့ပဲဆက်လက်စောင့်ရှောက်
ရမှာလေ။
Monday, 18 April 2016
တတိယအကြိမ်မြောက်နိဗ္ဗာန်ဈေးပွဲတော်
ရေစကြိုမြို့နယ် ပေကုန်းကျေးရွာ ရွှေဘုံသာလူငယ်ဖွံ့ဖြိုးရေးကျောင်းတိုက်ကြီး၏ ၁၃၇၈ ခု၊
နှစ်ဆန်း ၁ ရက်နေ့ တွင် တတိယအကြိမ်မြောက်စတုဒိသာနိဗ္ဗာန်ဈေး ကုသိုလ်ပွဲတော်ကြီးကို
ကုသိုလ်ရှင် ၁၁ ဦးတို့ကပါဝင်ကျွေးမွေးလှူဒါန်း
လျက်စည်ကားသိုက်မြိုက်စွာကျင်းပကြပါသည်။
၁။ စာသင်သားသံဃာတော်များမှ ကြာဆန်ဟင်း
၂။ ဓမ္မဃောသကအသင်းသူများမှ မုန့်ဟင်းခါး
၃။ ဦးကိုကိုမောင် ဒေါ်မြတ်ဆွေ သား ချမ်းမြတ်ကို
မိသားစုမှ ရွှေရင်အေး။
၎။ ဦးချစ်ကိုဖြိုး ဒေါ်သီတာဦး သား ဖြိုးမင်းလျှံ
မိသားစု ပေါင်မုန့်နို့ဆမ်း
၅။ ဦးဌေးမောင် ဒေါ်ဝင်းနု နှင့် သူငယ်ချင်းများ
တို့ဟူးသုပ်။
၆။ ကျောင်းတောင်ဘက် အေးမြချမ်းသာရပ်ကွက်
ခေါက်ဆွဲကြော်။
၇။ ဦးမောင်အေး ဒေါ်စန်း မုန့်လုံးရေပေါ်။
၈။ ဦးငြိမ်းမောင် ဒေါ်အေးသ မုန့်လက်ဆောင်း။
၉။ ဦးသန်းမြင့် ဒေါ်အေးသန်း ခါကြက်ဥသုပ်။
၁၀။ ဦးဖိုးသန်း ဒေါ်ဝင်း သမီး စုစုလှိုင်၊ စုစုခိုင်
မိသားစု အအေးဗူး။
၁၁။ ဦးကျော်ကျော် ဒေါ်မာရီချို သား ကျော်ဇင်ဟိန်း
မိသားစု ရခိုင်မုန့်တီ။